News

ရုရှား ဆီသင်္ဘော ရောက်မည့်ရက် မသိသေးဟု စစ်ကောင်စီ ဆိုပြန်

Written by admin

ရုရှား ဆီသင်္ဘော ရောက်မည့်ရက် မသိသေးဟု စစ်ကောင်စီ ဆိုပြန်

ဧရာဝတီ၊ စက္တင္ဘာ ၂၂၊ ၂၀၂၂

စစ်ကောင်စီက စက်တင်ဘာလဆန်းကတည်းက ရက်ပိုင်းအတွင်း ရောက်မည်ဟု ပြောနေသည့် ရုရှားနိုင်ငံမှ

တင်သွင်းသော စက်သုံးဆီသင်္ဘောများ ရောက်ရှိမည့်ရက်ကို ယခုအခါ အတိအကျ မပြောနိုင်သေးကြောင်း

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပြန်သည်။

၎င်းက “စက်သုံးဆီအားဖြင့် လမ်းခရီးမှာ ကြန့်ကြာမှု ရှိပါတယ်။ ရုရှားကနေ ထွက်လာပြီးတော့ လမ်းခရီးမှာ

ရောက်ရှိနေပြီ ဖြစ်တယ်။ ရောက်ရှိလာမယ့် ရက်နဲ့ အချိန်နဲ့ ပတ်သက်လို့ကတော့ မကြာမီရက်ပိုင်းအတွင်း

ရောက်ရှိလာနိုင်မယ်ပဲ ဖြေနိုင်ပါတယ်။ ဘယ်ရက်မှာ ရောက်မယ်လို့ အတိအကျ ဖြေနိုင်ခြင်း မရှိသေးပါဘူး” ဟု ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွင် ထိုသို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

တန်ချိန် ၁၅,၀၀၀ ပါ ဆီသင်္ဘော ၂ စီး ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်လာမည်ဖြစ်ပြီး လက်ရှိပေါက်ဈေးထက်

သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိမည် ဖြစ်ကြောင်းကို ၎င်းအနေဖြင့် စက်တင်ဘာလဆန်းပိုင်းကတည်းက ပြောဆိုခဲ့သည်။

ထို့ပြင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံ အနေဖြင့် ရုရှားရေနံထွက်ကုန်များကို

စတင်ဝယ်ယူနေပြီဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ရုရှားနိုင်ငံမှ ပထမဆုံးအကြိမ် တင်ပို့လာသော

ဒီဇယ်လောင်စာဆီများကို လက်ခံရရှိတော့မည် ဖြစ်ကြောင်း ရုရှားအစိုးရပိုင်သတင်းဌာန

RIA Novosti နှင့် စက်တင်ဘာ ၇ ရက် တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောခဲ့သည်။

သို့သော် စက်တင်ဘာ ၂၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင်မူ ဗိုလ်ချုပ်ဇော်မင်းထွန်းက

အတိအကျ မပြောနိုင်သေးကြောင်း ဆိုခဲ့ပြန်သည်။

လက်ရှိတွင် စင်ကာပူမှတဆင့် စက်သုံးဆီ တင်သွင်းနေခြင်း ဖြစ်ပြီး ပြည်တွင်း စက်သုံးဆီဈေးနှုန်း

မြင့်တက်မှုနှင့် မလုံလောက်မှု ပြဿနာများအား ဖြေရှင်းနိုင်ရေး ရုရှားနိုင်ငံမှ စက်သုံးဆီများ

တင်သွင်းခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။

အဆိုပါ ရုရှားစက်သုံးဆီ တင်သွင်းရေးအတွက် ဦးဆောင်ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းထားပြီး

ယင်းကော်မတီတွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ညိုစောက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

ယခု စက်တင်ဘာလအတွင်း စက်သုံးဆီတန်ချိန် ၂ သိန်း ၃ သောင်းကျော် ဝယ်ယူတင်သွင်းခွင့် ပြုပေးခဲ့ပြီး

ဖြစ်ကြောင်းနှင့် ပြည်တွင်း၌ စက်သုံးဆီဖူလုံမှု ရှိနေကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်

ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီက ယမန်နေ့၌ သတင်းထုတ်ပြန်ထားသည်။

ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်မှုတွေ ရှိနေပေမဲ့လည်း ရေနံအရောင်း ကျပ်မယ့်အခြေအနေက

ပိုဆိုးနိုင်တဲ့အတွက် မနေ့က အကျများခဲ့တဲ့ ရေနံဈေးတွေက ဒီမနက်မှာ ပြန်တက်လာပါတယ်။

ဒီနေ့ ဘရန့်ရေနံကြိုပွိုင့်ဈေးဟာ တစ်စည်ကို ၉၀.၃၃ ဒေါ်လာမှာ ရှိနေပြီး အမေရိကန်ရေနံကြိုပွိုင့်ဈေးကလည်း

တစ်စည် ၈၃.၃၉ ဒေါ်လာမှာ တည်ရှိနေပါတယ်။ ဒီရေနံဈေးနှစ်မျိုးစလုံးဟာ မနေ့က အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်း…

၇၅ မှတ် ဆွဲတင်လိုက်တဲ့နောက်မှာ နှစ်ပတ်အတွင်း အနိမ့်ဆုံးထိ ကျခဲ့ပြီးနောက် ဒီမနက်မှာ ပြန်တက်လာတာ

ဖြစ်ပါတယ်။ ရေနံဈေး လတ်တလောမှာ နည်းနည်း ငြိမ်နေပေမဲ့ အရန်ရေနံသိုလှောင်မှုတွေနဲ့

ကမ္ဘာ့စီးပွားရေး အလားအလာ မကောင်းတာတွေကြောင့် ရေနံဈေးကွက်မှာ ..

ဖိအားတွေ များနေဆဲပဲလို့ လေ့လာသူတွေက ဆိုပါတယ်။ မြန်မာပြည်တွင်းစက်သုံးဆီဈေးကွက်မှာတော့

အရင် ရက်တွေက အကျပြခဲ့တဲ့ ဆီဈေးတွေက ဒီနေ့မှာလည်း ဆက်တိုက် မြင့်တက်လာတာ တွေ့ရပါတယ်။

ဒီနေ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက် ပြည်တွင်း စက်သုံးဆီဈေးတွေကတော့ …

ရန်ကုန်

ဓာတ်ဆီဈေးနှုန်း

92 Ron Octane – 2295 ကျပ်

95 Ron Octane – 2375 ကျပ်

ဒီဇယ်ဈေးနှုန်း

Diesel -2790 ကျပ်

Premium Diesel – 2875 ကျပ်

မန္တလေး

ဓာတ်ဆီဈေးနှုန်း

92 Ron Octane – 2340 ကျပ်

95 Ron Octane – 2420 ကျပ်

ဒီဇယ်ဈေးနှုန်း

Diesel – 2840 ကျပ်

Premium Diesel – 2925 ကျပ်

နေပြည်တော် ( တပ်ကုန်း )

ဓာတ်ဆီဈေးနှုန်း

92 Ron Octane – 2335 ကျပ်

95 Ron Octane – 2420 ကျပ်

ဒီဇယ်ဈေးနှုန်း

Diesel – 2835 ကျပ်

Premium Diesel – 2920 ကျပ်

ပဲခူး

ဓာတ်ဆီဈေးနှုန်း

92 Ron Octane – 2305 ကျပ်

95 Ron Octane – 2385 ကျပ်

ဒီဇယ်ဈေးနှုန်း

Diesel – 2800 ကျပ်

Premium Diesel – 2885 ကျပ်

မကွေး

ဓာတ်ဆီဈေးနှုန်း

92 Ron Octane – 2340 ကျပ်

95 Ron Octane – 2420 ကျပ်

ဒီဇယ်ဈေးနှုန်း

Diesel – 2835 ကျပ်

Premium Diesel – 2920 ကျပ်

ထားဝယ်

ဓာတ်ဆီဈေးနှုန်း

92 Ron Octane – 2365 ကျပ်

95 Ron Octane – 2440 ကျပ်

ဒီဇယ်ဈေးနှုန်း

Diesel – 2860 ကျပ်

Premium Diesel – 2945 ကျပ်

စစ်ကိုင်း၊မုံရွာ

ဓာတ်ဆီဈေးနှုန်း

92 Ron Octane – 2350 ကျပ်

95 Ron Octane – 2430 ကျပ်

ဒီဇယ်ဈေးနှုန်း

Diesel – 2855 ကျပ်

Premium Diesel – 2940 ကျပ်

ပုသိမ်၊ဧရာဝတီတိုင်း

ဓာတ်ဆီဈေးနှုန်း

92 Ron Octane – 2325 ကျပ်

95 Ron Octane – 2405 ကျပ်

ဒီဇယ်ဈေးနှုန်း

Diesel – 2825 ကျပ်

Premium Diesel – 2910 ကျပ်

(ဖော်ပြပါဈေးနှုန်းတွေက အချိန်နဲ့ နေရာအလိုက် ပြောင်းလဲနိုင်ပါတယ်)

About the author

admin

Leave a Comment