News

မြို့ဝင်ဆိုင်းဘုတ်အနီးပိတ်ဆို့စစ်ဆေးသည့်

Written by admin

မြို့ဝင်ဆိုင်းဘုတ်အနီးပိတ်ဆို့စစ်ဆေးသည့် စစ်ကောင်စီကင်းစခန်း စီးနင်းခံရပြီး စစ်သား ၆ ဦးခန့်သေ

မတူပီ၊ စက္တင္ဘာ ၂၀

လူငယ့်ခေတ်

ချင်းပြည်နယ်၊ မတူပီမြို့အဝင်ဆိုင်းဘုတ်အနီး လမ်းသွားလမ်းလာများအခက် တွေ့စေရန်

ပိတ်ဆို့စစ်ဆေးမှုများပြု လုပ်လေ့ရှိသည့် စစ်ကောင်စီကင်းစခန်း စက်တင်ဘာ ၁၉ ရက်၊

ညနေ ၅ နာရီခန့်က ဝင်ရောက်စီးနင်းခံရပြီး စစ်သား ၆ ဦးခန့် သေဆုံးခဲ့ကြောင်း

စစ်ဆင်ရေးဖော်ဆောင်ခဲ့သည့်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

“အဲ့ဒီစခန်းက လမ်းသွားလမ်းလာပြည်သူတွေအပေါ် အကြောင်းအမျိုးမျိုးပြပြီးစစ်တာပေါ့။

အမှန်ကရစ်တာပေါ့ဗျာ။ တစ်ချို့ခရီးသွားတွေဆီက ငွေကြေးတောင်းခံတာမျိုးတွေဘာတွေလည်းရှိတယ်။

လူကြည့်တောင်းတာ” ဟု ချင်း ပြည်ကာကွယ် ရေးတပ်ဖွဲ့ – မတူပီက တာဝန်ရှိသူတစ်ဦးကဆိုသည်။

တပ်ဖွဲ့ဝင်အင်အား အယောက် ၃၀ ခန့်ဖြင့် မြို့ဝင်ဆိုင်းဘုတ်အနီးတပ်ချ ပိတ်ဆို့မှုများပြုလုပ်နေသည့်

အဆိုပါကင်းစခန်းသည် မတူပီမြို့နှင့် ၂ မိုင်ခန့်ကွာဝေးပြီး ပြည်သူများရင်ဆိုင်နေရသည့်အခက်အခဲများကို

လက်တုံ့ပြန်သည့် အနေဖြင့် ယမန်နေ့ကဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“ကျွန်တော်တို့ဘက်ကတော့ လက်နက်ငယ် တွေနဲ့ပဲ စခန်းအနားထိကပ်ပြီး အလစ်ဝင်တိုက်ခဲ့တာပေါ့။

သူ့တို့ဘက်ကတော့ လက်နက် ကြီးတွေရော လက်နက်ငယ်တွေနဲ့ပါပြန်ပစ်ပေမဲ့ ကျွန်တော်တို့ထိခိုက်မှုမရှိပါဘူး” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီကင်းစခန်းစီးနင်းခံရသဖြင့် အဆိုပါကင်းစခန်းအတွင်းရှိနေသည့် စစ်သား ၆ ဦးခန့်သေဆုံးကာ

၈ ဦးခန့်ထိခိုက်ဒဏ်ရာရရှိသွားသည်ကို မျက်မြင်တွေ့ခဲ့ရသည်ဟု ချင်း ပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီက တာဝန်ရှိသူကပြောသည်။

မြို့အဝင်ကင်းစခန်းတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က အဆိုပါ ကင်းစခန်းတွင်

အင်အားပိုမိုတိုးပြီးချထားခြင်း၊ လမ်းသွားလမ်းလာ ပြည်သူများနှင့် ခရီးသွားများအပေါ် ယခင်ကထက်ပို၍

တင်းတင်းကြပ်ကြပ် စစ်ဆေးခြင်းများပြုလုပ်လာကြောင်း ဒေသခံများကဆိုသည်။

Lungekhit by

မြို့ဝင်ဆိုင်းဘုတ်အနီးပိတ်ဆို့စစ်ဆေးသည့် စစ်ကောင်စီကင်းစခန်း စီးနင်းခံရပြီး စစ်သား ၆ ဦးခန့်သေ

မတူပီ၊ စက်တင်ဘာ ၂၀

About the author

admin

Leave a Comment